စက်တင်ဘာလ ၁ ရက်နေ့က ရေစကြိုမြို့ပေါ် စာသင်ကျောင်းဆောက်ပြီးပြန်လာသည့် ရဲရင့်အားမာန်ဆောက်လုပ်ရေးကုမ္ပဏီမှ ကုမ္ပဏီ၀န်ထမ်း ၅ ဦးကို ကံသစ်ကျေးရွာတောင်ဘက် ပခုက္ကူ-ရေစကြိုသွားကားလမ်းပေါ်တွင် PDF အကြမ်းဖက်ခေါင်းဆောင် ကျော်ကြီး ဦးဆောင်သောအဖွဲ့မှ ဓါးပြတိုက်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူများအား ရေစကြိုမြို့”ဖြူစင်”လူမှုကူညီရေးအသင်းမှ ရေစကြိုပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းသိရပါတယ်။ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ လက်နက်အားကိုးနဲ့အပြစ်မဲ့ပြည်သူတွေကို အခုလို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်တဲ့လုပ်ရပ်ဟာ အင်မတန်စိတ်ဓာတ်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါတယ်။




