

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တိုတွင် စက်တင်ဘာလ (၃) ရက်က တစ်ရက်တည်း ငွေကျပ် သိန်း (၁၃၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ၀က်ဝံကျေးရွာအနီးတွင် စက်တင်ဘာလ (၃)ရက် နံနက် (၅) နာရီခွဲ အချိန်ခန့်က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့သည်။