သစ်ရွက်လေးတွေဟာ
စိမ်းလန်းနေတဲ့အချိန်မှာတော့
ပင်မြင့်အထက်မှာ ခမ်းခမ်းနားနား
နေထိုင်နိုင်ကြတယ်။
ဒါပေမယ့် ကြွေသွားတဲ့ တစ်နေ့မှာတော့
လူတွေတက်နင်းတဲ့ သစ်ရွက်ခြောက်
ကလေးတွေ ဖြစ်သွားတယ်။
တက်နင်းမိတဲ့နေရာမှာမရှိရင်တောင် တစ်ဖြေးဖြေးဆွေးမြေ့ သွားကြတယ်။
အရင်တုန်းက ဘယ်လောက်ပဲ လှခဲလှခဲ့၊
စိမ်းလန်းခဲ့ စိမ်းလန်းခဲ့ သူတို့သည်
ဒီသင်္ခါရကို မလွန်ဆန်နိုင်ကြဘူး။
ထိုဥပမာလိုပဲ..
လူတွေဟာလည်း နုပျိုစဉ်အချိန်အခါမှာတော့
တက်တက်ကြွကြွနဲ့ နေနိုင်ကြတယ်။
ပြဿနာပေါင်းများစွာတွေတွေ့ကြတယ်။
တစ်ခါတစ်လေ မာန်မာနတွေ ထောင်လွှားမိတယ်။
တစ်နေ့ ငါအိုရမယ်၊ ငါသေရမယ်၊
ငါဆိုတာ တကယ်တော့ မရှိပါလားဆိုတဲ့
အတွေးလေးတွေကိုမေ့နေကြတယ်။
(မိမိအပါအဝင်ပေါ့)။
သေခြင်းတရားဟာကိုယ်နဲ့ပဲ
မသက်ဆိုင်သလို မေ့မေ့လျော့လျော့
နေမိတတ်ကြတယ်။
ဒီလိုပဲ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊
ကိုယ့် မိသားစုဝင်တွေလည်း အချိန်မရွေး သေသွားနိုင်တယ်ဆိုတာကို
မေ့လျော့ထားကြတယ်။
နောက်မှ ဂရုစိုက်လည်းရပါတယ်ဆိုတဲ့ အတွေးလေးနဲ့ပေါ့။
သူကအရင်သေမလား၊ ကိုယ်ကအရင်သေမလားတော့ ဘယ်သူမှ မပြောနိုင်ဘူး။
ဒါပေမယ့် စိမ်းလန်းနေတဲ့ သစ်ရွက်လေးအဖြစ် ရှိနေချိန်မှာတော့
ညှိးညှိးငယ်ငယ်လေး မနေမိပါစေနဲ့
တစ်နေ့သေချာပေါက်
ညှိးငယ်ပျောက်ကွယ်ရမှာပါ။
တိုတောင်းလှတဲ့ လူ့ဘဝလေးမှာ
မိမိရဲ့ စိတ်ထဲက မကောင်းတဲ့စိတ်တွေကို တိုက်ခိုက်ပြီး ကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ်
နေနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားသင့်ပါတယ်။
သူတော်ကောင်းကြီးတစ်ယောက် ဖြစ်အောင်လုပ်ပါလိုတော့ မပြောချင်ပါ။
ကိုယ်ကိုယ်တိုင်လည်းမဟုတ်လို့ပါ။
ဒါပေမယ့် သူယုတ်မာတော့ မဖြစ်အောင် လူတိုင်းကြိုးစားလို့ရပါတယ်။
ဒါကြောင့်ခဏတာ
ဖြစ်တည်နေတဲ့ အချိန်ခဏလေးမှာ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် ဖြတ်သန်းကြရအောင်
Crd