တိုက်ဖွန်းမုန်တိုင်း ဟိုက်ကွေးကြောင့် ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးမယ်လို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းသတင်းထုတ်ပြန်ချက်အရ ဖိလစ်ပိုင်ပ င်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဟိုက်ကွေး”(Haikui)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းထားပြီး
ယနေ့ညနေအထိခန့်မှန်းချက်အနေဖြင့် ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်လို့ဆိုပါတယ်။