ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့သည့် ကစားသမားများကို ဝေဖန်ပြစ်တင်မှုပြုလုပ်နေတဲ့ ဆယ်ဖာရင်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဥက္ကဋ္ဌဖြစ်သူ ဆယ်ဖာရင်က ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားသည့် ကစားသမားများကို ဝေဖန်ပြစ်တင်မှုပြုလုပ်ခဲ့သည်။ 

ထို့ပြင် ဆော်ဒီလိဂ်သည် ဥရောပဘောလုံးလောကအတွက် အန္တရာယ်ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာမည်မဟုတ်ကြောင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

“အကောင်းဆုံးခြေစွမ်းရောက်နေတဲ့ ကစားသမားတွေက ဆော်ဒီလိဂ်ကို ပြောင်းချင်မှာ မဟုတ်ပါဘူး။ ရည်မှန်းချက်နည်းပါးတဲ့သူတွေပဲ ပြောင်းရွှေ့ကြမှာပါ”ဟု ဆယ်ဖာရင်က ပြောကြားခဲ့သည်။

ဆော်ဒီပရိုလိဂ်သည် ၂၀၂၂ ဒီဇင်ဘာတွင် နာမည်ကျော် ကစားသမား စီရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက်ပိုင်း ယခုနွေတွင် နေမာ၊ ဘန်ဇီမာ၊ ကွန်တေအပါအဝင် နာမည်ကြီးကစားသမားအများအပြားကို ခေါ်ယူထားသည်။