ယနေ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာပြသနိုင်မည့် အချိန်ဇယားသစ်များကို ဆေးရုံကြီးကထုတ် ပြန်လိုက်ပါတယ်။
ခွဲစိတ်လူနာများအတွက် ခွဲစိတ် ကုသဆောင် (၁) အား တနင်္လာနေ့ မနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ၊ ခွဲစိတ်ကုသဆောင် (၂) အား အင်္ဂါနေ့ မနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ၊ ခွဲစိတ်ကုသဆောင် (၃) အား ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ တနင်္လာနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ပြသနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဦးနှောက်နှင့်အာရုံကြောဆေးကုဌာနကို တနင်္လာ ၊ အင်္ဂါ၊ ကြာသပတေး နဲ့ သောကြာနေ့တို့မှာ သတ်မှတ်အချိန်အတိုင်းပြသနိုင်တယ်လို့ ဆိုပါတယ်။