International Esport Federation မှ ကြီးမှူး၍ ဥရောပနိုင်ငံ ရိုမေးနီးယားတွင် ကျင်းပလျှက်ရှိပြီး မြန်မာလူငယ် ကစားသမား ၅ ဦး + နည်းပြ ၁ ဦးမှ ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိသည်။
နိုင်ငံတကာမှ Electronic Sport (esport) အားကစားအဖြစ် သတ်မှတ်ထားပြီး လူငယ်များအကြား အလွန်ရေပန်းစားနေသော Dota 2 Game အမျိုးအစား ပြိုင်ပွဲဖြစ်ပါသည်။ ပြိုင်ပွဲအထွေထွေကုန်ကျငွေ Prize Pool ဒေါ်လာ တစ်သိန်း တန်ကြေးရှိပါသည်။
နိုင်ငံပေါင်း ၁၆ နိုင်ငံ ဝင်ရောက်ယှဥ်ပြိုင်လျှက်ရှိပြီး မြန်မာအသင်းသည် အမေရိကန်၊ ဂျော်ဒန် စသည့် အင်အားကြီးနိုင်ငံများ အားလုံးကို ဖြတ်ကျော်ကာ Final သို့ရောက်ရှိသွားသည်။
Final ကို တနင်္ဂနွေနေ့ (3 Sept 2023) တွင် မွန်ဂိုလီးယားနိုင်ငံအသင်းနှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာအသင်းသည် ပထမ သို့မဟုတ် ဒုတိယဆု နှင့် သေချာနေပြီဖြစ်သည်။
Champion ဆု – ဒေါ်လာ ၅ သောင်း (မြန်မာငွေ သိန်း ၂ ထောင်ခန့် ဆုကြေး)
ဒုတိယဆု – ဒေါ်လာ ၃ သောင်း (မြန်မာငွေ သိန်း ၁ ထောင့် ၂ ရာခန့်)


