နံနက်မိုးလင်းကနေ ညအိပ်ရာ၀င်ထိ တစ်နေ့တာ
ဖြတ်ကျော်လာတဲ့ ငါ့ရဲ့ဘ၀ဟာတစ်နေ့တာ အချိန်အတွင်း
သူများအသက်ကို သတ်မိသလား၊
သူများဥစ္စာကို မပေးဘဲနဲ့ ယူမိတာ ရှိသလား၊
သူများသားမယားကိုစိတ်နဲ့ပစ်မှားမိတာရောရှိလား၊
လိမ်ပြီး ပြောမိသလား၊
ရိုင်းပြဆဲရေးတဲ့စကား ပြောမိသလားလို့
ကိုယ့်ကိုယ်ကို ပြန်စစ်။
သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု လောဘနဲ့ တွေးမိသလား၊ လူတစ်ဦး တစ်ယောက်ကို ပျက်စီးအောင် တွေးမိသလား၊ ကံ ကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့အတွေးအမြင်များ ပေါ်မိသလား ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဆန်းစစ်ကြည့်ဖို့ လိုတယ်။
ဒီလို ဆန်းစစ်ကြည့်ရင် ကိုယ်လုပ်တဲ့ အလုပ်တွေ
ရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။
ပေါ်လာတဲ့ အခါကျရင်
မကောင်းတဲ့ အကုသိုလ်အလုပ်တွေ လုပ်မိခဲ့ရင်ပြောင်းလုပ်ဖို့၊ ကောင်းတာလုပ်မိရင် ဆက်လုပ်ဖို့၊ ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ အဲဒါကိုပြောတာ။
မကောင်းတာ လုပ်မိရင် ကိုယ့်ကိုယ်ကို ဆုံးမရတယ်။ “
“ဒါမျိုး မလုပ်နဲ့” လို့။
လူဆိုတာ ဘာပဲဖြစ်ဖြစ် သူများကျတော့ပြောတတ်တယ်၊ ကိုယ့်ကိုယ်ကိုကျတော့ ခွင့်လွှတ်တတ်တယ်။
ဆိုပါစို့။ ပန်းကန်လေး လွတ်ကျသွားရင်သူများကျ နမော်နမဲ့ နိုင်တယ်တဲ့။ ကိုယ့်ကျတော့ မတော်တဆတဲ့။
ကိုယ့်ကိုယ်ကျတော့ ခွင့်လွှတ်ရင်သူများကိုလည်း ခွင့်လွှတ်တတ်အောင် ကြိုးစားကြရမယ်၊ ခုတော့ သူများလည်း မတော်တဆ၊ ကိုယ်လည်းမတော်တဆ၊ အဲဒီလို
မထားနိုင်ဘူး။
“သူက ဒီလိုချည်းပဲ၊ ငါက ဂရုစိုက်တယ်၊
သူက ဂရုမစိုက်ဘူး”အဲဒါ ဘာပြုလို့လဲဆိုတော့
လူရဲ့သဘာ၀က ကိုယ့်ကိုယ်ကိုဦးစားပေးချင်တဲ့ သဘောရှိလို့။အဲဒီလို ကိုယ့်ကိုယ်ကို အမှန်မြင်ဖို့ လိုအပ်တယ်။ 🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ