သူ့အသက်သတ်တယ်ဆိုတာ

သူများအသက်ကို သတ်တယ်ဆိုတာ
ဒေါသမပါဘဲ သတ်လို့မရဘူး။
တစ်ချို့က ထင်ကောင်းထင်လိမ့်မယ်။

ပြုံးပြုံးရွှင်ရွှင်နဲ့ သူများကို
သေနတ်နဲ့ ပစ်သတ်လို့ရှိရင်
ဒေါသမပါဘူးလို့ ထင်နေတာ၊

မဟုတ်ဘူး ဒေါသနဲ့သတ်တာပဲ။
နိုင်နေသည့်အတွက်ကြောင့် သူပြုံးနိုင်တာ။

ပြုံးတာက နိုင်တာကိုကြည့်ပြီး ပြုံးတာ၊
မပြုံးခင်မှာ အမုန်းလေး ရှိသေးတယ်။
အမုန်းမပါရင် မသတ်နိုင်ဘူး။

ခြင်ကလေးတွေ လူတွေက
လက်ဝါးကလေးနဲ့ ရိုက်ပြီး
တဖတ်ဖတ်နဲ့ ဟုတ်လား။
ဘာဖြစ်လို့ ရိုက်သလဲ၊
လူကိုလာကိုက်လို့
ကိုက်လို့ယားတယ်၊
ကိုက်တော့ ခြင်ကိုမုန်းတယ်။
အမုန်းကလေးကြောင့်မိုလို့ ရိုက်တာနော်။

အမုန်းဟာ ကြီးတာလည်းရှိတယ်၊
သေးတာလည်း ရှိတယ်။
အမုန်းကို အခြေခံပြီးတော့
လူတွေဟာ သတ်မှုကျူးလွန်ကြတယ်၊

အဲ့ဒီလို သတ်မှုကျူးလွန်လိုက်တယ်
ဆိုကတည်းက ထိုသူရဲ့စိတ်ထဲမှာ
မေတ္တာဓာတ်လေးပျက်သွားပြီးတော့
ဒေါသဆိုတဲ့ ရန်သူသည်
သူ့ရဲ့စိတ်ထဲ နှလုံးထဲမှာ ချဉ်းနင်း
ဝင်ရောက်နေတာ သူသတိမထားမိဘူး။

ဒေါသက အတွင်းရန်လို့ခေါ်တယ်။
အပြင်ရန်ထက် ပိုကြောက်စရာကောင်းတယ်။

ကိုယ့်ရဲ့အကျိုးမဲ့ကို ပြုနိုင်တယ်၊
အပြင်ရန်က ကိုယ့်ကို
အကျိုးမဲ့ပြုတာ နည်းနည်းရယ်၊
ဒေါသဆိုတဲ့ အတွင်းရန်က
ကိုယ့်ကို မကောင်းကျိုးပေးတာ
ပိုပြင်းထန်တယ်။

မျက်မှောက်ဘဝမှာလည်း
ဘေးရန်ကြုံတယ်။
တမလွန်ဘဝမှာလည်း ဘေးရန်ကြုံတယ်။

ကြောက်ကြောက် လန့်လန့်နဲ့
ဖြစ်လေရာ ဘဝမှာ
ထိတ်တလန့်လန့်နဲ့ နေရတယ်။

ရန်သူတွေများတယ်နော်
ပါဏာတိပါတာကံရဲ့အပြစ်က။

အဲဒီဘေးတွေ ရန်တွေက
ဘယ်သူ့ကြောင့် ဖြစ်နေတာလဲဆိုတော့
ကိုယ်လုပ်တဲ့ ပါဏာတိပါတအမှုကြောင့်
ဖြစ်နေတာလို့ ဒီလိုဆိုလိုတာနော်။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး