အာဆင်နယ်အသင်းသည် ပဲလေ့စ်အား ၁-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပရီးမီးယားလိဂ် အဝေးကွင်း Clean Sheet ပွဲ ၂၀၀ ပြည့်မြောက်ခဲ့သည်။
ပရီးမီးယားလိဂ်တွင် ယင်းမှတ်တမ်းရရှိသည့် တတိယမြောက်အသင်း ဖြစ်လာပြီး ယူနိုက်တက်
(၂၀၅ ပွဲ)၊ ချယ်လ်ဆီး(၂၀၄ ပွဲ)နောက်၌ ရပ်တည်လျက်ရှိသည်။
နည်းပြ အာတီတာလက်အောက် အဝေးကွင်း ၆၈ ပွဲတွင် ၂၈ ပွဲအထိ Clean Sheet ရခဲ့ပြီး ၄၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဖြစ်ပါတယ်။



