နိုင်ငံအချို့သည် ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးချနေ

နိုင်ငံအချို့သည်ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချလျက် ရှိနေကြတယ်လို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)တွင် ပြောကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါနိုင်ငံတကာလုံခြုံရေးညီလာခံသို့ ဗွီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။