လီဗာပူးလ်အသင်းလက်ထဲမှ ကိုင်စီဒိုကို အရလုယူနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ယခုတစ်ခေါက်မှာလည်း လီဗာပူးလ်အသင်း နဲ့ နီးစပ်နေပြီ ဖြစ်တဲ့ ဆောက်သမ်တန် ကွင်းလယ်ကြယ်ပွင့် လာဗီယာကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူဖို့ ထပ်မံသဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ပဲလေ့စ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမားတစ်ယောက်ဖြစ်တဲ့ အိုလီဆီကိုလည်း စာချုပ်ဖြတ်သိမ်းကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းရရှိပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဟာ လီဗာပူးလ် အသင်းဂိုးသမား အလစ်ဆင်ကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါတယ်။
ကိုင်စီဒို၊ အယ်လစ္စတာ စတဲ့ အဓိက ကစားသမားတွေကို ရောင်းချနိုင်ခဲ့တဲ့ ဘရိုက်တန်အသင်းဟာ အပြောင်းအရွှေ့ရာသီ ၂ ခုအတွင်း ပေါင် သန်း ၃၆၀ လောက်အထိ အမြတ်ရှာဖွေနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းတစ်ယောက် ဒဏ်ရာကြောင့် ၃၊၄ လ ခန့် အနားယူရမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
လာဇီယိုအသင်းဟာ စပါးအသင်း ဂိုးသမား လိုရစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
ဘရန်းဖို့ဒ်အသင်း ဂိုးသမား ရာယာတစ်ယောက် အာဆင်နယ်အသင်းထံ ပေါင် ၃ သန်းနဲ့ အငှားရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဖူဟမ် အသင်းကွင်းလယ်ကြယ်ပွင့် ကစားသမား ပေါ်လင်ဟာကို ပေါင် သန်း ၆၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာတစ်ယောက် ဆော်ဒီနိုင်ငံနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို အင်စတာဂရမ်မှာ တင်ပေးပါက ပို့စ်တစ်ခုကို ပေါင် ၄၃၀၀၀၀ အထိ ရရှိသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
CRD;






