အမေရိကန်ပိုင် ဟာဝိုင်အီကျွန်းစုထဲမှာ ပါဝင်တဲ့ မာဝီကျွန်းပေါ် အခုသီတင်းပတ်အတွင်း တောမီးအကြီးအကျယ်လောင်ခဲ့တာကြောင့် သေဆုံးသူဦးရေ ၈၀ အထိရှိသွားပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ မာဝီကျွန်း၊ လဟိုင်းနားနယ်မြေအတွင်း မီးခိုးငွေ့တွေနဲ့ အပျက်အစီးတွေကြားထဲမှာ ရှင်းလင်းဆောင်ရွက်နေကြပါတယ်။

