(၅၆) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၈ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Hanoi-Moscow Apartment Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး နှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော် နှင့် ဇနီး၊ မြန်မာသံရုံး၊စစ်သံရုံး မိသားစုဝင်များသည် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ၎င်းတို၏ ဇနီးများ၊ သံတမန်များ၊ သံရုံးမိသားစုဝင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် အားကစားပြိုင်ပွဲနှင့် ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များကို ထည့်သွင်း ကျင်းပခဲ့ပြီး နိုင်ငံအလိုက် ရိုးရာအစားအစာများဖြင့် ခင်းကျင်းဧည့်ခံခဲ့ကြရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများမှ မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ အုန်းနိုခေါက်ဆွဲ၊ ဆနွင်းမကင်းနှင့် ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။





