မင်္ဂလာရှိသော နံနက်ခင်းလေးပါ

ကံကလွဲ၍ ကျန်တာတွေဟာ
ကိုယ်ပိုင်တာ ဘာမှမရှိပါဘူး ။

သားသ္မီးတွေ မပိုင်လို့ပဲ
အခြားသူတွေဆီ ပေးလိုက်ရတယ် ။

ဥစ္စာပစ္စည်းတွေ မပိုင်လို့ပဲ
ရန်သူမျိုးငါးပါး ပေးလိုက်ရတယ် ။

ကိုယ့်ခန္ဓာကို မပိုင်လို့ပဲ
သေမင်းဆီ ပေးအပ်ကြရတယ် ။

မပိုင်တာတွေရဲ့အပေါ်မှာ
စွဲလန်း သိမ်းပိုက်ထားမယ်ဆိုရင်
ကိုယ်ပဲအပူသည် ဖြစ်ရလိမ့်မယ် ။

ကိုယ်သေသွားလို့ ကျန်ရစ်သူတွေက
အမျှဝေပေးကြတဲ့အခါ
ကိုယ်ရဖို့ လုံး၀မသေချာပါဘူး ။

မသေခင်ကုသိုလ်ရတနာစုတာက
ကိုယ်ပိုင် ဥစ္စာဖြစ်ကြရမှာပါ ။

ဒါကြောင့်မို့ ကိုယ့်ဘ၀ရဲ့
အရိပ်အအေးကို လိုချင်တယ်ဆိုရင်
ကုသိုလ်အပင်တွေစိုက်ဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏