ကရင်ပြည်နယ်၊ ဘားအံ့အနီး သံလွင်မြစ်ရေသည် တောင်ကျရေနှင့် အဆက်မပြတ်ရွာသွန်းသောမိုးရေကြောင့် ဘားအံ့၏စိုးရိမ်ရေအမှတ် ၇၅၀ cm အထက် ၈၂ ၀ cm ့ ရောက်ရှိနေသဖြင့် မြစ်ကမ်းနားနှင့်အနီးနေထိုင်သူ ပြည်သူများရေဘေးသင့်ကာ ကယ်ဆယ်ရေးစခန်းများ့
ခေတ္တနေရာချထားခဲ့ရကြောင်း သိရပါသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများကို ၅ နေရာခွဲ၍ ဘေးလွတ်ရာနေရာများတွင် ဖွင့်လှစ်ပြီး ရွှေ့ပြောင်းထားရှိကြောင်း၊ အဆိုပါ ကယ် ဆယ်ရေးစခန်း ၅ နေရာတွင် အိမ်ထောင်စု ၃၄၄ စု၊ ကျား ၇၈၇ ဦး၊ မ ၈၅၃ ဦး၊ စုစုပေါင်း ၁၆၄၀ ဦးရှိကြောင်း သိရပါသည်။
ရေဘေးသင့်ပြည်သူများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ဘာသာပေါင်းစုံအသင်းမှ ဥက္ကဌဦးမြတ်စိုးနှင့် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးစောမြင့်ဝင်းအောင့်က စားသောက်ဖွယ်ရာများပေး အပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။