ADMM Plus EWGCT TABLE TALK EXERCISE 2023 ပူးပေါင်းလေ့ကျင့်ခန်းကို ပူးတွဲဥက္ကဋ္ဌများဖြစ်တဲ့ မြန်မာနဲ့ ရုရှားနိုင်ငံတို့က ဦးဆောင်ပြီး နေပြည်တော်တွင် ဩဂုတ် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
ပူးပေါင်းလေ့ကျင့်ခဲ့တဲ့ အာဆီယံနိုင်ငံတွေကတော့ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အရာရှိကြီးများဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။
အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူကတော့ မြေပြင်တွင် လာရောက်ပူးပေါင်းမလေ့ကျင့်ဘဲ Video Conferencing ဖြင့်သာ ပါဝင်လေ့ကျင့်မယ်လို့ အဆိုပြုတင်ပြခဲ့ပါတယ်။
Vdo Conferencing ဖြင့် လေ့ကျင့်မှုသည် face to face လောက် အနှစ်သာရမရှိခြင်း၊ တက်ရောက်လာတဲ့နိုင်ငံများကို မထီမဲ့မြင်ပြုသလိုဖြစ်ခြင်းတို့ကြောင့် မြန်မာနဲ့ ရုရှားနိုင်ငံတို့က စင်ကာပူနိုင်ငံရဲ့ အဆိုပြုချက်ကို လက်မခံဘဲ ဖယ်ထုတ် Ban လိုက်ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ အမေရိကန်ရဲ့ ဖိအားပေးထိန်းချုပ်ထားမှုကြောင့် အာဆီယံလမ်းစဉ်ကို သွေဖယ်ချိုးဖောက်ရာကျပြီး အသင်းကြီးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် အခြားအာဆီယံနိုင်ငံအားလုံးက စင်ကာပူအား ပြစ်တင်ဝေဖန်မှုများရှိနေကြောင်း သိရှိရပါတယ်။






