ကယားပြည်နယ်မှာ တပ်မတော်ရဲ့ ဘီလူးစစ်ကြောင်းတွေဝင်ပြီးနောက်မှာတော့ KNDF/PDF တွေရဲ့ မသာချပွဲတွေကတော့ နေတိုင်းကို စည်းကားလျက်ရှိနေပါတယ်။ ဆေးရုံး/ဆေးခန်းတွေမှာလည်း လူနာတွေ တစ်ပုံတစ်ပင်ရှိနေပြီး တစ်ချို့သော PDF ဆွေအနေဖြင့် ဆေးကုသခွင့်မရ၍ သေဆုံးလျက်ရှိနေပါတယ်။ ကယားပြည်နယ်အတွင်း အကြမ်းဖက် PDF များအနေဖြင့် ဆေးဝါးများရှားပါးလာမှု/ စားနပ်ရိက္ခာပြတ်လပ်လာမှုများနှင့် တပ်မတော်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် PDF များ စခန်းစွန့်ခွာနေရမှုများ/ သေဆုံးမှုများ များပြားလာလျက်ရှိကြောင်း သိရှိရပါတယ်။ ဒါတွေကိုသိတဲ့ တစ်ချို့သော PDF တွေက ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အေးအေးဆေးဆေး နေထိုင်နိုင်နေပြီဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ KNDF သူပုန်တွေလို မသာပွဲတွေနဲ့ စည်းကားနေရမှာပဲ ဖြစ်ပါတယ်။


