ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ချောင်းဦးမြို့နယ် ဘလွေ-ငါးယှန် ကျေးရွာချင်းဆက်လမ်းရှိ ဟန်သစ်ဆီဆိုင်အနီး စစ်ကိုင်း-မုံရွာသွားကားလမ်းမပေါ်၌ ဆက်ကြေးကောက်နေကြောင်း ပြည်သူများသတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားပြီး နံပါတ်မပါ(ခဲရောင်)ကား ၁ စီး၊ လမ်းလျှောက်စကားပြောစက် ၃ လုံး၊ လမ်းလျှောက်စကားပြောစက်အားသွင်းခုံ ၂ ခု၊ ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိကြောင်းသိရှိရပါသည်။
ပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုသွားလာနေသော ပြည်သူပိုင်လမ်းမပေါ်တွင် ဆက်ကြေးကောက် ပြန်ပေးဆွဲပြီး အဖျက်အမှောင့် လုပ်ငန်းမျိုးစုံ လုပ်နေသော အကြမ်းဖက်သမားများအား ပြည်သူမှ အလိုမရှိတော့ပါဘူး။