အဆိုတော် အရီရာနာ ဂရမ်ဒီ၏ အိမ်ထောင်ရေးအဆုံးသတ်

အဆိုတော်အရီရာနာ ဂရမ်ဒီနဲ့ ခင်ပွန်းသည် ဒယ်လ်တန် ဂိုးမက်ဇ်တို့ဟာ သူတို့ရဲ့နှစ်နှစ်တာ အိမ်ထောင်ရေး ကွာရှင်းပြတ်စဲလိုက်ကြတယ်လို့ Page Six သတင်းစာမှ အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

 သူတို့က စိတ်တူကိုယ်တူ အတူတူပဲ ဆုံးဖြတ်ခဲ့ကြတာပါ။ ဇန်နဝါရီလ မတိုင်ခင်တုန်းက သူတို့မှာ ပြဿနာတွေရှိခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ နှစ်ဦးသားက အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ဆက်ရှိနေမှာပါ” လို့ အတွင်းရင်းနှီးသူတစ်ဦးက မျှဝေပြောပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ခင်ပွန်းသည် ဂိုးမက်ဇ်က အသက် ၃၀ အရွယ် အဆိုတော် ဂရမ်ဒီရဲ့ လန် ဒန်က Wicked ဇာတ်လမ်းတွဲ ရိုက်ကွင်းသို့ သွားရောက်ခဲ့ပြီး သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးအကြိမ် ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့သော်လည်းပဲ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

Crd Myanma Platform