ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ချင်းပြည်နယ် ပွိုင့်-၁၉၂၁ တောင်ကုန်းနေရာတွင် CDF အကြမ်းဖက်အဖွဲ့ အခြေပြု ခိုအောင်းနေကြောင်း သတင်းအရ တပ်မတော်မှသွားရောက်ရှင်းလင်းခဲ့ရာ ပြောက်ကျားဝတ် အကြမ်းဖက် အလောင်း ၅ လောင်း၊ အမ် ၂၂ ကျည်အိမ် ၁ ခု၊ AK ကျည်အိမ် ၂ ခု၊ ၇.၆၂ မမကျည်(စနိုက်ပါကျည်) ၁၉ တောင့်၊၇.၆၂ မမကျည်(စက်လတ်ကျည်)၅၃၀ တောင့်၊ AK ကျည် ၁၁၉ တောင့်၊ တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံး ၁လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃၇ လုံး၊ လက်လုပ်မိုင်း ၃၀ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ဆက်သွယ်ရေးမြောင်း(အရှည် ၂၅၀၀ ပေ) ၁ခု၊ ၅ ယောက်အိပ် လူနေတဲ ၁၂လုံး၊ တစ်ယောက်ပစ်ကျင်း ၂၀ ကျင်း၊ လက်လုပ်စိန်ပြောင်း ပစ်ကျင်း ၁ကျင်း၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ မိုင်း(ဖြူးစ်) ၅ ခု၊ လက်လုပ်ယမ်း ထုပ်(၅ ကျပ်သားခန့်) ၁၄ ထုပ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။



