ချင်းတွင်းမြစ်ရေ မြင့်တက်လာလို့ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့် ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ကြဖို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက် ပါ တယ်။
ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေသည် ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်း ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်မှာပဲ ဆက်လက် တည်ရှိနေမယ်လို့ဆိုပါတယ်။
အလားတူး ဖောင်ပြင်မြို့နယ်မှာလည်း ယနေ့ နံနက်ပိုင်း တိုင်းထွာချက်အရ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်း ၁ ပေခန့် ထပ်မံ မြင့်တက်ပြီးစိုးရိမ်ရေမှတ် အထက် ဆက်ရှိနေအုံးမယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြဖို့ ပြောကြားထားပါတယ်။