မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာနှင့် ကညင်အိုင် အကြားတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး နွားကျောင်းနေစဉ် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိခဲ့၍ သေဆုံးခဲ့ကြောင်း Ayeyarwaddy Times Page မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာနှင့် ကညင်အိုင် အကြားတွင် ကလေးငယ်တစ်ဦး PDF အကြမ်းဖက်များထောင်ထားသည့် လက်လုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy Times Page မှ ဖြစ်စဉ်အမှန်မရေးဘဲ အောက်တန်းကျစွာ PDF ထောင်ထားတဲ့ မိုင်းနင်းမိတာကို အများအထင်လွဲမှားအောင် စစ်တပ်ကထောင်ထားတဲ့မိုင်းဆိုပြီး အရှက်မဲ့စွာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။
Misinformation
FACT-CHECK