မုံရွာမြို့နယ်၊ အရှေ့ပျံကျ ကျေးရွာအနီးဝန်းကျင်အား ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အသေးစိတ်နယ်မြေရှင်းလင်းခဲ့ရာ ကျေးရွာနှင့်ကပ်လျက် တောင်ယာတဲတွင် PDF အကြမ်းဖက်သမားများ နေထိုင်ခဲ့ကြပြီး သိုဝှက်ထားသော လက်နက်များကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ PDF အကြမ်းဖက်စခန်းမှ-
-လက်လုပ်သေနတ် ၁၁ လက်၊
-လက်လုပ်မိုင်း ၇ လုံး၊
-လက်လုပ် စိန်ပြောင်း ၁ လက်၊
-လက်လုပ် စိန်ပြောင်းဗုံးသီး ၃ လုံး၊
-လက်လုပ်ရှော့တိုက်ဒုံး ၁ ခု၊
-၁၂ ဗိုကျည် ၃၇ တောင့်၊
-ဒီတိုနေတာ ၁၅ ခု၊
-လက်လုပ်စိန်ပြောင်းပြုလုပ်ရန် ပြောင်းမျိုးစုံ ၁၀ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
MyanmarNationalPost
