ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင်လုံခြုံရေးအဖွဲ့များသည် မုံရွာမြို့နယ်၊ အရှေ့ပျံကျ ကျေးရွာအနီးဝန်းကျင်အား အသေးစိတ်နယ်မြေရှင်းလင်းခဲ့ရာ ကျေးရွာနှင့် ကပ်လျက် တောင်ယာတဲအတွင်းမှ PDF အကြမ်းဖက်သမားများ ခိုးကြောင်ခိုးဝှက် ထားရှိသော လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ လက်လုပ်စိန်ပြောင်း၁ လက်၊ စိန်ပြောင်းဗုံးသီး၃ လုံး၊ ရှော့တိုက်ဒုံး ၁ ခု၊ ၁၂ ဗို့ကျည် ၃၇ တောင့်၊ ဒီတိုနေတာ ၁၅ ခုနှင့် လက်လုပ်စိန်ပြောင်းပြုလုပ်ရန် ပြောင်းမျိုးစုံ ၁၀ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
