ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ၁ ရပ်ကွက်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဟာ ဒီနေ့ (ဇူလိုင် ၁၈ ရက်) မနက် ၁၀ နာရီလောက်မှာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖောက်ခွဲမှုကို NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်သမားတွေက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပြီး မိုင်း ၇ လုံးနဲ့ ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။
အဆိုပါ ကြံခိုင်းရေးပါတီရုံးဟာ လူနေထိုင်ခြင်းမရှိတဲ့ ရုံးဟောင်းဖြစ်တာကြောင့် လူထိခိုက်မှုတော့ မရှိခဲ့သော်လည်း အဆောက်အဦးကတော့ ပျက်စီးသွားခဲ့ပြီး အနီးနားက နေအိမ်အချို့လည်း ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။