ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မေတ္တာမြို့နယ်၊ ဟိန္ဒားကျေးရွာသို့ အကြမ်းဖက်သမား ၃၀ ဦးခန့်သည် လက်နက်ငယ်များဖြင့်ရောက်ရှိလာပြီး ဟိန္ဒားကျေးရွာနေ ဦးအောင်အောင်(ခ) ပေါက်စီ(၄၉)နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရ။
ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကျေးရွာနေ ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးမျိုးအောင်(၄၇)နှစ်သည် မီတာကြေးကောက်ခံရရှိငွေများအား ကျောက်ဆည်မြို့သို့ သွားရောက်ပေးသွင်းပြီး ပြန်လာစဉ် ပတ္တာကျေးရွာအနီး ကျောက်ဆည်စက်မှုဇုံသွားကားလမ်း၌ ပစ္စတိုကိုင်ဆောင်၍ ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီးဦးမျိုးအောင် တွင် လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ဝဲလက်မောင်းကျည်ဖောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။
ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် လားရှိုးမြို့၊ မြို့မဈေး၊သိန္ဒီလမ်းရှိ “ဇွဲထက်”ရွှေဆိုင်ရှေ့၌ ရပ်တန့်ထားသည့် KENBO 110 (အနက်ရောင်)ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရွှေဆိုင်ဝန်ထမ်းများဖြစ်သော ထက်မြတ်အောင်(၂၅)နှစ်၊ သူရဇော်(၂၁)နှစ်၊ ရှိန်းမင်းမောင်(၂၁)နှစ်၊ ကောင်းထက်ညီ(၁၈)နှစ်၊ နိုင်လင်းအောင်(၁၉)နှစ်၊ စိန်မျိုးအောင် (၂၃)နှစ်၊ မင်းသိန်းလင်း(၁၅)နှစ်၊ နိုင်ရဲလင်း(၂၁)နှစ်၊ မမြသန်းထွေး(၂၈)နှစ်၊ မအေးချမ်းမော်(၂၁)နှစ်၊ ဇွဲထက်အနီးရှိ မအားကြူအထည်ဆိုင်မှ ဝန်ထမ်း မချစ်စုဝင်း(၂၈)နှစ်၊ မပိုပို(၂၆)နှစ်၊ မအေးနော့(၂၄)နှစ်၊ ဘုရင်မအထည်ဆိုင်မှ ဝန်ထမ်း ဒေါ်အားလင်း(၅၈)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရ။