ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် မယဉ်မာနွေး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းမရှိသလို စစ်တပ်ကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ တပ်မတော်ကိုအပုတ်ချ၍ အသက် ၁၆ နှစ်အရွယ် မယဉ်မာနွေး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စိတ်ကူးပုံဖော်ကာလုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။
FakeNews
FACT-CHECK