ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ထိပ်နားမှာ ဇူလိုင်လ ၁၁ ရက်က Manang Air အမျိုးအစား ရဟတ်ယာဉ်တစ်စီးပျက်ကျသွားခဲ့သဖြင့် ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၆ ဦးသေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရဟတ်ယာဉ်ပေါ်ပါ ၅ ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိပြီဖြစ်ပြီး ၆ ဦးမြောက်ကိုဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းလည်းသိရပါတယ်။

