အိန္ဒိယနိုင်ငံ မြောက်ဘက်အစွန်းပိုင်းရှိ Himachal Pradeshပြည်နယ် နှင့် Uttarakhandပြည်နယ် တို့တွင် ပြီးခဲ့သည့် ဇူလိုင် ၉ရက်နေ့ တနင်္ဂနွေနေ့က မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ကာ မြေပြိုမှု များဖြစ်ပေါ်ခဲ့ပြီး လူနေ အိမ်အများအပြားပျက်စီး ဆုံးရှုံးမှု များဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်၏ Shimla ခရိုင် နှင့် Kotgarh ရွာအနီးဧရိယာတွင် အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ရပြီးHimachalပြည်နယ်အတွင်းရှိ Kullu မြို့မှာလည်း မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုနည်းတူ ပြီးခဲ့သည့် ဇူလိုင် ၈ရက် စနေနေ့ညကလည်းအိန္ဒိယနိုင်ငံ Himachal ပြည်နယ်၏ Chamba မြို့ငယ်အနီးတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ကာ လူ ၁ဦး အရှင်လတ်လတ် မြေမြှုပ်သွားခဲ့ကြောင်း သတင်းဌာနများကဖော်ပြထားကြောင်း “Positive Angle News” သတင်းအရသိရပါတယ်ရှင်…။


