ဇူလိုင်လ ၈ ရက် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ တပ်မတော်လက်အောက်ခံ ဦးမင်းဇေသန့် ဦးဆောင်သော ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဝါရာဇွပ်ပြည်သူ့စစ်၏ ဒုတိယစစ်ဦးစီးချုပ် ဦးညီဇော်ရှိန်း ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၈ ရက်နေ့တွင် တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ ဝါရာဇွပ်ပြည်သူစစ်အဖွဲ့နေရာများအား KIA/PDF များမှ နေရာ ၃ နေရာခွဲ၍ တိုက်ခိုက်ရာတွင် KIA/ PDF များ အထိနာထွက်ပြေးကာ KIA/PDF ၅ လောင်း၊ သေနတ် ၅ လက်နှင့် အရှင် ၁ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း၊ ပြည်သူ့စစ်ဘက်မှလည်း ၃ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ KIA/PDF သေတာကို ဖုံးကွယ်ကာ Khit Thit မှ အမှန်မရေးဘဲ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။