လယ်ဒိုမြို့နယ်မှာ စစ်တပ်က ပြည်သူ ၁၇ ဦးဖမ်းဆီးထားတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အထိ လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအတွင်း စစ်တပ်က လက်နက်ကြီး ၂၈ လုံး ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထားပြီး အရပ်သား ပြည်သူ ၁ ဦးကိုလည်းဓားနှင့်ထိုးသတ်ခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အထိ လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများအတွင်း စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် ပြည်သူ ၁၇ ဦးကို ဖမ်းဆီးခဲ့ခြင်း၊ ဓားနဲ့ထိုးသတ်ခြင်း မရှိသလို တပ်မတော်စစ်ကြောင်း ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်း သတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ အများပြည်သူ အထိတ်တလန့်ဖြစ်ပြီး အမြင်လွဲမှားအောင် စိတ်ကူးပုံဖော်၍ လုပ်ကြံဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။

FakeNews

FACT-CHECK