ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) အုပ်ချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် လေးရက်အတွင်း ဒေသခံ ၁၇ ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း Mizzima – News in Burmese မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကျောက်မော်ဘုရားကြီးကျေးရွာ၊ ပဲဒဲကောကျေးရွာ၊ ဗမာဝက်လာတောကျေးရွာနှင့် ဒါးကုလားကျေးရွာတို့မှ ဒေသခံအမျိုးသား ၁၇ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzima – News in Burmese မှ ဖြစ်စဉ်မရှိဘဲ တပ်မတော်ကို အပုတ်ချ၍ အထင်လွဲမှားအောင်တမင်လုပ်ကြံဇာတ်လမ်းဆင်ကာလိမ်ညာရေးသား ထားခြင်းသာဖြစ်ပါတယ်။
FakeNews
FACTCHECK