ဘုန်းကံတွေ ကြီးမားချင်တယ်
စီးပွားလာဘ်လာဘတွေ
ပေါချင်တယ်ဆိုရင် လုံး၀မပျင်းပါနဲ့ ။
အတိတ်ကုသိုလ်ကံတွေ
အကျိုးပေးသန်ဖို့အတွက်ကို
လက်ရှိကောင်းကံတွေနဲ့လမ်းဖွင့်ပါ ။
စေတနာကောင်းထားပြီးကြိုးစားပါ
စိတ်ထားမှန်ရင် အကျိုးပေးသန်ပြီး
မြတ်နိုးဖွယ်ရာတွေ့ ရနိုင်ပါတယ် ။
ကြိုးစားသင်ယူနေခြင်းဟာ
ကိုယ့်အတွက် အမြင့်ရောက်ဖို့ပါပဲ ။
ပျင်းနေခြင်းဟာ
အကုသိုလ်၀င်ပြီး ဘုန်းနိမ့်ခြင်းဖြစ်လို့
တတ်နိုင်သမျှတော့ မပျင်းပါနဲ့ ။
သူတစ်ပါးထက် ပိုရှေ့ရောက်ချင်ရင်
တစ်လမ်းပိုလျှောက်ပါ ။
သူတစ်ပါးထက် တစ်ပန်းသာချင်ရင်
အမြဲတမ်းနိုးကြားစွာ ရှိနေပါ ။
မနာလိုစိတ်မဖြစ်အောင်
အထူးသတိထားပြီး အားကျစိတ်ဖြင့်သာ
မိမိရဲ့ကောင်းကံတွေကို စိုက်ထူပါ ။
🙏🙏🙏 သာရဂ ဝေသီ