ဝင်ငွေကောင်းကောင်းမရှိလည်း
ကုသိုလ်အမြဲ၀င်နေရင်
ဘ၀ဟာ ချမ်းသာနေပါတယ် ။
ပိုက်ဆံအိပ်ထဲပေးစရာမရှိလည်း
စာနာစိတ်လေး ပေးလိုက်ရင်
ဘ၀ဟာ အလွန်မွန်မြတ်ပါတယ် ။
တိုက်တာတွေမကြီးကျယ်လည်း
မိုက်တာတွေကို မရွေးချယ်ဘူးဆိုရင်
ဘ၀ဟာ ခမ်းနားနေပါတယ် ။
အထီးကျန်တစ်ယောက်ထဲလည်း
စိတ်ကောင်းလေး အဖော်ပြုနေရင်
ဘ၀ဟာ တင့်တယ်နေပါတယ် ။
အထင်ကြီးစရာတွေမရှိလည်း
ရိုးသားခြင်းတွေ ရှိနေမယ်ဆိုရင်
ဘ၀ဟာ ဂုဏ်ယူဖို့ကောင်းပါတယ် ။
နာကျင်မှုတွေ ရှိပေမယ့်လည်း
မမြဲဘူးဆိုတာ သိနေမယ်ဆိုရင်
နေတဲ့ဘ၀ဟာ အေးချမ်းပါတယ် ။
ကောင်းတာတွေမသုံးနိုင်လည်း
ကောင်းတဲ့စိတ်တွေမွေးထုတ်နိုင်ရင်
ဘ၀ဟာကျေနပ်စရာကောင်းပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏