


မန်ယူအသင်းဟာ ယခုရာသီ ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
မေဆန်မောင့်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်အချက်လဲ ပါဝင်ခဲ့ပါတယ်။ ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၅ သန်းနှင့် Add-ons ကြေး ပေါင် ၅ သန်းဖြစ်ကြောင်း သိရပါတယ်။
မေဆန်မောင့် ကို ဂန္ထဝင်နံပါတ်ဖြစ်သည့် ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်းလဲ အသင်းမှ အတည်ပြုကြေညာခဲ့ပါတယ်။