ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၃ နာရီခန့်တွင် ထီးချိုင့်မြိုနယ်၊ နန့်ပေါင်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် အဖျက်အမှောင့် လုပ်ဆောင်နေသော KIA/PDF အကြမ်းဖက်များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA/PDF များမှာ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး KIA/PDF အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လွယ်အိတ် ၁ လုံးနှင့် အိုင်ကွန် ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။
