ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၄ ရက်၊ ဒီကနေ့စတင်ကျင်းပတော့မှာဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်လိမ့်မယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။ အစည်းအဝေးကိုတော့ အွန်လိုင်းကပဲ ဗီဒီယိုခေါ်ဆိုပြီး ကျင်းပမှာပါ။
ပူတင်ဟာ အခုကျင်းပတဲ့ နိုင်ငံပေါင်းစုံထိပ်သီးအစည်းအဝေးမှာ အိန္ဒိယနဲ့တရုတ်ခေါင်းဆောင်တွေကို ရုရှားပြည်တွင်း‘ဝါဂနာ’လက်နက်ကိုင်ပုန်ကန်မှုဖြစ်ပွားပြီးတဲ့နောက် ပထမဆုံးအကြိမ် တွေ့ဆုံမှာဖြစ်ပါတယ်။


