ဇွန်လ ၂၄ ရက် ညနေ ၆ နာရီတွင် မိုးညှင်းမြို့၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့သည် မန္တလေးဘက်မှမိုးညှင်းဖက်သို့ မောင်းလာသော ယာဥ်မောင်း အေးမင်းအောင် မောင်းလာသည့် 3B/7756 Canter ယာဥ်ကိုစစ်ဆေးရာ ဘိလပ်မြေအိတ်များအောက်တွင် သိုဝှက်သယ်လာသော ဆာလာအိတ်အဖြူသုံးအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်၊ စုစုပေါင်းအလေးချိန် ၆.၆ ကီလိုနှင့် ဘိန်းစိမ်းတစ်ကီလို အထုတ်နှစ်ထုတ် စုစုပေါင်းကာလတန်ဖိုး ၁၆၇၄ သိန်းဖိုးဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။
