ဇွန်လ ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ငါးအိုး ကျေးရွာနှင့် သဲချောင်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေစဉ် ရွာ၏ အနောက်ဘက် မီတာ ၇၀၀ ခန့်အကွာ၌ မိုင်းထောင်ရန်ပြင်ဆင်နေသည့် KIA နှင့် PDF အကြမ်းဖက် အဖွဲ့ဝင် ၂ ဦးအား တွေ့ရှိသဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် KIA နှင့် PDF အဖွဲ့ဝင်များသည် အရှေ့မြောက်ဘက်သို့ ထွက်ပြေးရင်း သဲချောင်းကျေးရွာအတွင်းရှိ နေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရပြီး၊ KIA အဖွဲထံမှ KIA အလောင်း ၂ လောင်းနှင့် လက်လုပ်မိုင်း ၃ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
