ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သရက်ချိုကုန်းကျေးရွာအနီးတစ်ဝိုက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် အလောင်း ၃ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ကျည်မျိုးစုံ ၃၅ တောင့်၊ ဝါယာကြိုး ၁ ခွေ၊ ကျောပိုးအိတ် ၁ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
