မိုးရာသီရောက်လာတာနဲ့ ကူးစက်ရောဂါအန္တရာယ်ကိုလည်း ကြောက်ရပါတယ်။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဖျားနာခြင်းအပြင် ကိုဗစ်ရောဂါကိုလည်း မဖြစ်ပွားအောင် ကိုယ့်ကိုယ်ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ရောဂါအလွယ်တကူမဝင်ရောက်နိုင်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းအောင် နေထိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကိုယ်ခံအားစနစ်တိုးလာစေမယ့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းဖြင့် ကျန်းမာအောင် ဂရုစိုက်ရမှာပါ။ မိုးတွင်းကာလမှာ ကိုယ်ခံအားကောင်းဖို့အတွက် အောက်မှာ ဖော်ပြပေးထားတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။
ဖရဲသီး

ဖရဲသီးက ရေဓာတ်ဖြည့်ပေးရုံသာမက ကိုယ်ခံအားကောင်းစေနိုင်တဲ့ Glutathione လို့ခေါ်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေလည်း ပြည့်ဝနေတာပါ။ မိုးရာသီမှာ ရောဂါကူးစက်နိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။
ပန်းဂေါ်ဖီစိမ်း

ဗီတာမင်စီကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ Sulforaphane လို အန်တီအောက်စီဒန့်ဓာတ်တော်တော်များများလည်း ပါဝင်ပြီး သံဓာတ်နဲ့ အခြားအရေးပါတဲ့အာဟာရဓာတ်တွေလည်းပြည့်ဝပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းဖို့အတွက် တစ်နေ့တာအစားအစာမှာ ပန်းဂေါ်ဖီစိမ်းပါဝင်သင့်ပါတယ်။
ဟင်းနုနွယ် (ဒေါက်ခွရွက်)

ဟင်းနုနွယ်ရွက်ကလည်း ကိုယ်ခံအားစနစ်ကောင်းစေတဲ့အပြင် ဗီတာမင်စီ၊ ဗီတာမင်အီလို အာဟာရဓာတ်များစွာလည်း ပြည့်ဝနေပါတယ်။ အဲဒီအာဟာရဓာတ်တွေက သင့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး ကိုယ်ခံအားကောင်းအောင်လည်း ထောက်ပံ့ပေးပါတယ်။
လိမ္မော်သီး

ဒီအသီးကလည်း ကိုယ်ခံအားစနစ်ကောင်းစေတဲ့အပြင် ကော်လဂျင်ထုတ်လုပ်မှုကိုလည်း တိုးလာစေပါတယ်။ ဒါ့အပြင် ဆဲလ်ပျောက်စီးမှာကိုလည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုအားကောင်းအောင် ကူညီပေးပြီး သွေးအားနည်းရောဂါသည်တွေအတွက် စားပေးသင့်တဲ့ အစားအစာလည်းဖြစ်ပါတယ်။
အဆီနည်းတဲ့ဒိန်ချဉ်

သွားရည်စာအဖြစ် စားပေးနိုင်တဲ့ ဒီအစားအစာကလည်း ကိုယ်ခံအားတိုးမြှင့်ပေးနိုင်ပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ ပရိုဘိုင်အိုတစ်တွေက ဖျားနာတာတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ပရိုတင်းဓာတ်လည်း ကြွယ်ဝပြီး အစာခြေပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။