အသက်(၃၈)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ အိုက်စလန်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပွဲထွက်ကစားပြီးနောက် ထူးခြားစံချိန်တစ်ခု ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာပွဲ ၂၀၀ ပြည့်သွားတဲ့ ပထမဆုံးအမျိုးသားကစားသမားစံချိန်ကိုရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ စံချိန်တင်ဂင်းနစ်က ဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။


