Quad အဖွဲ့က တရုတ်နိုင်ငံ၏ အင်အားကြီးထွားမှုကို တားဆီးနိုင်မည်မဟုတ်ဟုဆို

(L-R) Australian Prime Minister Anthony Albanese, US President Joe Biden, Japanese Prime Minister Fumio Kishida, and Indian Prime Minister Narendra Modi wave to the media prior to the Quad meeting at the Kishida's office in Tokyo on May 24, 2022. (Photo by AFP)

၂၀၂၃ ခုနှစ် မေလ ၂၀ ရက်က ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတွင်ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေး ဘေးပန်းအချိန်တွင် Quad အဖွဲ့၏ တတိယအကြိမ် အချင်းချင်း တွေ့ဆုံဆွေးနွေးစဉ် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့သည် လွတ်လပ် ပွင့်လင်းပြီး အားလုံးပါဝင်မှုနှင့် ခံနိုင်ရည်ရှိသော အင်ဒို-ပစိဖိတ်အတွက် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

မည်ကဲ့သို့လုပ်ဆောင်သည်ဖြစ်စေ Quad သည် တရုတ်နိုင်ငံကို ထိန်းချုပ်ရန်နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမှုကို ထိန်းသိမ်းရန် အမေရိကန်၏ အုပ်စုဖွဲ့လိုသော သံခင်းတမန်ခင်း၏ စံနမူနာတစ်ခုထက် မပိုကြောင်း၊ အမေရိကန်သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ အထူးသဖြင့် ၎င်း၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ထမ်းဆောင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် Quad ကို ပြန်လည် အသက်သွင်းခဲ့ကြောင်း၊ အမှန်တကယ်တွင် အမေရိကန်သည် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေကာ ဦးစာပေးထားသော အင်ဒို-ပစိဖိတ် အစီအစဉ်ကို ပုံဖော်ခြင်း၊ ၎င်း၏ဗိုလ်ကျစိုးမိုးမှုကို ထိန်းသိမ်းခြင်းဖြင့် တရုတ်နိုင်ငံကို ထိန်းထားနိုင်စေရန် အဓိကရည်ရွယ်၍ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံကိုထိန်းချုပ်ရန် Quad ၏ ကြိုးပမ်းမှုများသည် ပိုမိုထင်ရှားလာခဲ့ကြောင်း သိရှိရပါသည်။

ဂျိုးဘိုင်ဒင် သမ္မတတာဝန်ယူပြီးနောက် Quad အား ဝန်ကြီးအဆင့်ဆွေးနွေးမှုမှ ထိပ်သီးဆွေးနွေးပွဲအဆင့်သို့ မြှင့်တင်ခဲ့ပြီး ၎င်းခေါင်းဆောင်များ၏ ပထမဆုံး အွန်လိုင်းထိပ်သီးဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် မတ်လတွင် ကျင်းပခဲ့ကြောင်း၊ Quad အတွင်း ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သည် စစ်ရေးလုံခြုံရေးမှတိုးချဲ့ခဲ့ရာ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနှင့် ဇီဝလုံခြုံရေး စသည့်နယ်ပယ်များ ပါဝင်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် ပူးတွဲထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံကို တိုက်ရိုက်အမည် မဖော်ပြ ထားသော်လည်း ၎င်းကို သိမ်မွေ့စွာပစ်မှတ်ထားခဲ့ကြောင်း၊ ဒေသတွင်း လက်ရှိ အခင်းအကျင်းကို အင်အားသုံး၍ ပြောင်းလဲရန်၊ ၎င်း၏တည်ငြိမ်မှုကို ပျက်ပြားစေရန်၊ သို့မဟုတ် အာရှ-ပစိဖိတ်ဒေသရှိ တစ်ဖက်သတ်လုပ်ဆောင်မှုများတွင် ပါဝင်ရန် ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း၊ အငြင်းပွားကျွန်းငယ်များကို စစ်ရေးအရအသုံးချမှု၊ အန္တရာယ်ရှိသော ကမ်းခြေစောင့်သင်္ဘောများ အသုံးပြုမှုနှင့် အခြားနိုင်ငံများ၏ ရေကြောင်းဆိုင်ရာအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် လုပ်ရပ်များနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းဖော်ပြပြီး Quad သည် ဒေသတွင်း တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းထန်စွာတန်ပြန်ရန် ကတိပြုခဲ့ကြောင်း သိရှိရပါသည်။