(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲ‌မှ‌ အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားအဖွဲ့ ပြန်လည်‌ရောက်ရှိ

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို၌ ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲဝင် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက မြန်မာအမျိုးသား‌ လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်‌ ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။

မြန်မာမသန်စွမ်းသူများ အားကစားအဖွဲသည် ပြိုင်ပွဲ၌ ရေကူးအားကစားနည်းနှင့် ပြေးခုန်ပစ်အားကစားနည်းတို့မှ စုစုပေါင်း ရွှေ ၁၅ ခုနှင့် ၎င်းအားကစားနည်းများအပါအဝင် စစ်တုရင်အားကစားနည်း၊ အလေးမအားကစားနည်းနှင့် မျက်မမြင် Goalball ကစားနည်းတိုမှ ငွေ ၂၂ ခု၊ ကြေး ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးခဲ့ပြီး နိုင်ငံအလိုက် အဆင့်‌ ၆ ရရှိခဲ့ကြောင်းသိရပါတယ်။