စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီး၌ ဇွန်လ ၇ ရက် နံနက်ပိုင်းတွင် နေအိမ်တစ်လုံးရှိ အင်ဗာတာအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားကြောင်းသိရပါတယ်။
အဆိုပါ မီးလောင်မှုအတွင်း နေအိမ် (၉) လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ကယ်ဆယ်ရေးသမားတစ်ဦးမှာ မီးဝိုင်းငြှိမ်းနေရင်း ကြွင်းထဲပြုတ်ကျကာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားကြောင်းသိရပါတယ်။

