မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသအတွင်းတွင် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းမရောက်မီကာလကတည်းက နိုင်ငံတော်အစိုးရမှ ကြိုတင်အသိပေးချက်များ ထုတ်ပြန်ကာ ရွှေ့ပြောင်းရေးအတွက်လုပ်ဆောင်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များမှလည်း အချိန်မှီရောက်ရှိကူညီကယ်ဆယ်ရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်.. မုန်တိုင်းပြီးကာလမှာလည်း မုန်တိုင်းသင့်ဒေသများသို့ တာဝန်ပေးအပ်ထားတဲ့ အရာရှိကြီးများမှ ချက်ချင်းသွားရောက်ပြီး ကူညီကယ်ရေးလုပ်ငန်းများ၊ ရေပေးဝေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ စားဝတ်နေရေးကိစ္စအဝဝ အဆင်ပြေစေရေအတွက် တပ်မတော်မှ စစ်ရေယာဉ်ကြီးများ၊ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ယခုအချိန်ထိ ပို့ဆောင်ပေးကာ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်သားများ/အစိုးရအဖွဲ့အသီးသီးမှ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ/ပြည်သားများအတွက် နေ့မနား/ညမနား အားတက်သရော ဆောင်ရွက်လျက်ရှိကြောင်း ဂုဏ်ယူစွာဖြင့် ဖော်ပြပေးလိုက်ရပါတယ်…







