ကလေးမြို့နယ်၊ နန်းစောင်ပုကျေးရွာတွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း အမာခံများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များက သွားရောက်ရှာဖွေခဲ့ရာ ချောချော အားနေအိမ်တွင် အသင့်တွေ့ရှိခဲ့ပြီး ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ ဘိန်းဖြူ အဖြူ/အဝါရောင် စပ်ကြားအမှုန့် အလေးချိန် ၂၀ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူး၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ အပြာရောင်ကပ်ခွာအိတ် ၂ ထုပ်၊ ပေါင်း ၂၀၀ ပြား တိုအား တွေ့ရှိခဲ့ပြီး လုံခြုံရေးအဖွဲဝင်များက ဖမ်းဆီးခဲ့ရာ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
ကလေးမြို့၊ နန်းစောင်ပုကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချသူအား ဖမ်းဆီးရမိ
