အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်၌ ယမန်နေ့ (ဇွန်လ ၂ ရက်) ဒေသစံတော်ချိန် ည ၇ နာရီခန့်တွင် ခရီးသည်တင် အမြန်ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ ၂၃၃ ဦး သေဆုံးပြီး ၉၀၀ ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ယနေ့ (ဇွန်လ ၃ ရက်) တွင် ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများက ဖော်ပြထားပါတယ်။
အဆိုပါရထားနှစ်စင်းသည် ဘန်ဂလိုမြို့မှ Howrah သို ပြေးဆွဲနေသည့် Howrah Superfast အမြန်ရထားနှင့် ကာလကတ္တားမှ ချန်နိုင်းသို့ ပြေးဆွဲသည့် Coromandel အမြန်ရထားတို့ဖြစ်ကြောင်းသိရပြီး အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် ၂၀၀ ကျော်ကို ခေါ်ယူခဲ့ရသလို ထိုနေရာ၌ ရှိနှင့်ပြီးသော လူနာတင်ယာဥ် ၈၀ ကျော်တို့ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရကြောင်းလည်းသိရပါတယ်။ လက်ရှိတွင် သေဆုံးသူရုပ် အလောင်း ၂၃၃ ခုကို ရှာဖွေတွေ့ရှိထားကြောင်းလည်းသိရပါတယ်။





