သံသရာမှာ ကုသိုလ်ပြုခဲ့ဖူးရင်
ကုသိုလ်လုပ်ချင်တဲ့ ဝါသနာဖြစ်လာတယ်။
အကုသိုလ်တွေ ကျူးလွန်ခဲ့ဖူးရင်
အကုသိုလ်အလုပ်တွေ လုပ်ရတာ
ဝါသနာဖြစ်လာတယ်။
သံသရာမှာ လောဘတွေကြီးပြီးနေထိုင်ကျင်လည်ခဲ့ဖူးရင်
ဘယ်ဘဝရောက်ရောက်လောဘကြီးတဲ့
ဝါသနာကအထုံပါလာတယ်။
ဒေါသ အားကြီးတတ်တဲ့ အထုံရှိသူမှာလည်း
ဘယ်ဘဝရောက်ရောက်ဒေါသအထုံနဲ့
ဆက်ဆံတတ်လိုအသက်တိုပြီး ကျင်လည်ကြရတယ်။
မောဟစိတ်တွေ အားကြီးလွန်းပြီးကျင်လည်ရသော်
ဖြစ်ရာဘဝတိုင်းသူတော်ကောင်းစကားလည်း
မနာယူနိုင်၊ ချစ်ခင်သူများစကားလည်းနားမလည်နိုင်
မည်သည့်တရားသော စကားမျှမလိုက်နာတတ်
ပျက်စီးတတ်ဉာဏ်ရည်မမှီ တွေဝေမိန်းမောရင်း
သံသရာလည်ကြရပြန်တယ်။
သံသရာမှာ တဏှာစိတ်အားကြီးနဲ့
ကျင်လည်ခဲ့ကြရင် ဖြစ်လေရာဘဝမှာ
တဏှာကျွန်အဖြစ်နဲ့ လူလုံးမလှ
အရှက်ဣန္ဒြေကင်းမဲ့စွာနဲ့ နေကြ ဖြစ်တည်ကြရတယ်။
သံသရာမှာ တရားတွေနာခဲ့ဖူးရင်တရားပွဲသံ၊
တရားဓမ္မဟောပြောသံကြားရရင်ကို
တရားနာယူချင်စိတ်ဖြစ်လာပါတယ်။
သံသရာမှာ တရားဘာဝနာ အားထုတ်ရှုမှတ်ခဲ့ဖူးရင်
တရားအားထုတ်ရတာ၊တရားအားထုတ်ဖို
အဖော်လာညှိတာနဲ့တင်တရားထိုင်ဖိုအဆင်သင့်
ဖြစ်နေတတ်ပါတယ်။
သံသရာမှာ သီလတွေဆောက်တည်လို့
ဥပုသ်တွေစောင့်တဲ့ ကုသိုလ်ပြုခဲ့ဖူးရင်
သီလဆောက်တည်ဖို့အတွက်ဥပုသ်စောင့်ဖိုအတွက်
အမြဲတမ်းအားထုတ်ကြိုးစားနေတတ်တယ်။
ဒီလိုအထုံတွေ ဖြစ်လာဖို ပြုခဲ့ဖူးတာရော
ဒီဘဝပြုဆဲ ကုသိုလ်တွေကရော
အထောက်အပံ့အဖြစ် ပါရမီထပ်ဖြည့်သွားကြတယ်။
ပါရမီဆိုတာ ဖြည့်ပြီးရင်း ဖြည့်မှ
သံသရာမှာ စိတ်ချရပါတယ်။
(ဗန်းမော်ဆရာတော်ဘုရားကြီး)